မိုမိုနဲ့တွေ့ပြီး အစာကျွေးခွင့်ရမည့်အစီအစဥ် – ရန်ကုန် တိရိစ္ဆာန် ဥယာဥ်

မိုမိုနဲ့တွေ့ဖို့ မစောင့်နိုင်ဖြစ်နေပြီလား …🐘

ဒါဆိုရင်တော့ မိုမိုကို လွမ်းနေတဲ့ မိုမို့ချစ်သူတွေအနေနဲ့ မိုမိုနဲ့တွေ့ပြီး အစာကျွေးခွင့်ရမယ့် “Meet with Mo Mo Tour” အထူးအစီအစဥ်ကောင်းလေးရှိနေပါတယ်။ Meet with Mo Mo Tour အစီအစဥ်လေးကဆိုရင် ရန်ကုန်တိရစ္ဆာန်ဥယျာဥ်ဝင်ကြေး၊ Buggy ကား ဝန်ဆောင်မှု၊ မိုမိုအတွက် အစာတစ်ခြင်း အပါအဝင်ကို ၃၀,၀၀၀ ကျပ်သာ ကျသင့်မှာဖြစ်ပြီး Tour Package တစ်ခုမှာ အများဆုံး ၆ ဦးအထိ ပါဝင်လို့ရဦးမှာပါ။

ရန်ကုန်တိရစ္ဆာန်ဥယျာဥ်ပြန်မဖွင့်သေးပေမယ့် တိရစ္ဆာန်ချစ်သူများအတွက် အဆင်ပြေစွာ လည်ပတ်လို့ရအောင် ပြုလုပ်ထားတဲ့အစီအစဥ်ဖြစ်လို့ Meet with Mo Mo Tour package နဲ့ လာရောက်လည်ပတ်သူများဟာ ကျန်းမာဝန်ကြီးဌာနလမ်းညွှန်ချက်နဲ့အညီ လည်ပတ်ရမှာလည်း ဖြစ်ပါတယ်။ ဧည့်သည်တွေကို လွမ်းနေတဲ့မိုမိုလည်း အလွမ်းပြေအောင်၊ မိုမို့ချစ်သူတွေလည်း မိုမိုကို အလွမ်းပြေ လာတွေ့လို့ရအောင် ပြုလုပ်ထားတဲ့ အစီအစဥ်ကောင်းလေးမို့ ပျော်ပျော်ပါးပါး ပါဝင်ကြဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။ 🤗

Meet with Mo Mo Tour အစီအစဥ်လေးကို ပါဝင်မယ့် မိုမို့ချစ်သူများအနေနဲ့ ကြိုတင်စာရင်းပေးသွင်းရမှာဖြစ်ပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဖုန်းနံပါတ် 09 682011170, 09 953477763 တို့ကို ရုံးချိန်အတွင်း ဆက်သွယ် စာရင်းသွင်းလို့ရပါတယ်။

Copyright 2018, All rights reserved.