ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

အထူးပြသမှုများ

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှ အထူးပြသမှုများ

တောရိုင်းတိရစ္ဆာန်တွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ပိုမိုနီးကပ်စေမယ့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ ဆွဲဆောင်မှုရှိသော နေရာစုံကို လေ့လာကြည့်ရှုလိုက်ပါ။

ရှေးဟောင်းအသားစားရုံ
ရှေးဟောင်းအသားစားရုံ

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝန်းအတွင်းရှိ အသားစားရုံ (Carnivora House) ကို ရှေးဟောင်းအဆောက်အအုံအဖြစ် တရားဝင်ကြေညာခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား (Blue Plaque) ကို တပ်ဆင်ခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့သော အဆိုပါ အဆောက်အအုံသည် ၁၉၀၁ ခုနှစ်တွင် ဝိတိုရိယဘုရင်မအား ဂုဏ်ပြု၍ စတင်ဖွင့်လှစ်ခဲ့သော Victoria Memorial Park and Zoological Garden အဖြစ် အမည်ပေးထားသော ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ သက်တမ်းအရင့်ဆုံးအဆောက်အအုံများထဲမှ တစ်ခုဖြစ်သည်။

Recommended Duration:
5 minutes

တွားသွားသတ္တဝါပြကွက် အဆောက်အဦး
တွားသွားသတ္တဝါပြကွက် အဆောက်အဦး

စပါးအုံး၊ စပါးကြီး၊ လင်းမြွေ၊ ငန်းတော်ကြား၊ မြွေပွေး၊ မြွေဟောက် နှင့် လိပ်များ၊ ပုတ်သင်များ ထိန်းသိမ်းထားသည့် အဆောက်အဦးဖြစ်ပါသည်။

Recommended Duration:
15 minuites

သဘာဝသမိုင်းပြတိုက်
သဘာဝသမိုင်းပြတိုက်

သဘာဝသမိုင်းပြတိုက်သည် သက်ဦးကပ်မှ သက်နှောင်းကပ်အထိ သက်ရှိသတ္တဝါများနှင့် သစ်ပင်များ၏ ဖွံ့ဖြိုးတိုးတက်လာပုံများ၊ သတ္တဗေဒနှင့် ဘူမိဗေဒဆိုင်ရာ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ မြန်မာနိုင်ငံ၏ သယံဇာတနှင့် သစ်တောထိန်းသိမ်းရေးအကြောင်းများကို လေ့လာနိုင်ရန် ဖွင့်လှစ်ထားသော ပြတိုက်ဖြစ်ပါသည်။

Recommended Duration:
30 minutes

ဆင်ပြတိုက်
ဆင်ပြတိုက်

ဆင်ပြတိုက်ကို ဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ သဘာဝသစ်တောများတွင် နေထိုင်ကျက်စားနေသော တောဆင်ရိုင်းများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်၊ လူနှင့်ဆင်အကြား ဖြစ်ပွားနိုင်သော ပဋိပက္ခများကို လျော့ချရန်နှင့် ဆင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာများကို ပြည်သူလူထုအတွင်း ပိုမိုဖြန့်ဝေရန် ဖြစ်ပါသည်။ ထို့အပြင် အိမ်မွေးဆင်များ၏ စီမံခန့်ခွဲမှုနှင့် ဆင်တို့၏ သဘာဝအလေ့အထများနှင့် လူသားတို့အကြားရှိသော ဆက်နွယ်မှုကို နားလည်သဘောပေါက်စေရန် ရည်ရွယ်ထားပါသည်။

Recommended Duration:
15 minutes

မိုမို
မိုမို

မိုမိုသည် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ လူချစ်လူခင် ပေါများသော ဆင်မကြီးဖြစ်ပြီး အသက်ခုနှစ်နှစ်ခန့်ရှိစဉ်တွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ ရောက်ရှိလာခဲ့ပါသည်။

Recommended Duration:
15 minutes

ငှက်များနှင့် ဓာတ်ပုံရိုက်ကူးခြင်း
ငှက်များနှင့် ဓာတ်ပုံရိုက်ကူးခြင်း

သဘာဝတရားနှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ ငှက်များကို အနီးကပ် လေ့လာကြည့်ရှုနိုင်ရန်နှင့် အမှတ်တရအခိုက်အတန့်များကို ဓာတ်ပုံရိုက်ကူးမှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ပါသည်။

Recommended Duration:
9:00 - 11:00 (morning), 1:00 - 3:00 (evening)