ဆင်ပြတိုက် – ရန်ကုန် တိရိစ္ဆာန် ဥယာဥ်

ဆင်ပြတိုက်

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ မတ် (၃) ရက်နေ့ကို ဂုဏ်ပြုကြိုဂုဏ်ပြုသောအားဖြင့် တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)၊  သဘာဝသမိုင်းပြတိုက် အဆောက်အဦးတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော “ဆင်ပြတိုက်”ကို ဖွင့်လှစ်ခဲ့ ပြသနိုင်ခဲ့ပါတယ်။

  • ဆင်ပြတိုက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအနေဖြင့်
  • သဘာဝသစ်တော်များတွင် နေထိုင်ကျက်စားနေသောတောဆင်ရိုင်းများကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် ၊
  • ဆင်နှင့်လူများပဋိပက္ခ ဖြစ်ပွားမှုများကိုလျော့ချရန် ၊
  • တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှုနှင့် ဆင်အစိတ်အပိုင်းများ တရားမဝင်ကူးသန်းရောင်းဝယ်နေမှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းများတွင် ပြည်သူလူထုသိမြင်နိုးကြားလာပြီးပူးပေါင်းကူညီဆောင်ရွက်လာစေရန်
  • အိမ်မွေးဆင်များထိန်းသိမ်းစီမံအုပ်ချုပ်နေမှုများအားပိုမိုသိရှိလာစေရန်၊
  • ဆင်တို့၏မူလသဘာဝအလေ့အထနှင့် လူသားတို့အကြား ဆက်နွယ်နေမှုများကို သိရှိလာစေရန်နှင့် ပူးပေါင်းကူညီ ဆောင်ရွက်လာစေရန်တို့ဖြစ်ပါတယ်။

ဆင်ပြတိုက်တွင် ခင်ကျင်းပြသထားသည့် ရှေးနှစ်သန်းပေါင်းများစွာက ဆင်ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ဆဒ္ဒန်ဆင်ဖြူ တော်အစွယ်တစ်စုံ၊ဆင်ခန္ဓာကိုယ်ပေါ်တွင် တပ်ဆင်အသုံးပြုရသောပစ္စည်းများ ၊ ဆင်စောင့်ကြည့်ကင်မရာ စသည့် ပစ္စည်းများ၊ ဆင်စွယ်/ဆင်ရိုးစုများနှင့်ပြုလုပ်ထားသည့် အနုပညာပစ္စည်းများ၊ ဆင်အရိုးစုများအပြင် ဆင်စွယ်နက်ကဲ့သို့ ရှားပါးပြီးမြင်ရခဲသည့်ပစ္စည်းများအပြင်၊ဆင်ခလောက်၊ ဆင်စွယ်၊ ဆင်စွယ်အစိတ်အပိုင်းများ၊ ဆင်၏အောက်မေးရိုးနှင့် အံသွားများကိုလည်း လာရောက်ကြည့်ရှုလေ့လာသည့် အများပြည်သူများအား အသိပညာ ဗဟုသုတများ ရရှိစေရန် အလို့ငှာစုံလင်စွာဖြင့် ခင်းကျင်းပြသထားပါသည်

Copyright 2018, All rights reserved.