သဘာဝသမိုင်းပြတိုက် – ရန်ကုန် တိရိစ္ဆာန် ဥယာဥ်

သဘာဝသမိုင်းပြတိုက်

သဘာဝသမိုင်းပြတိုက်ကို ကန်တော်ကြီးစောင်းရှိ ယခင်ပြည်ထောင်စုကလပ်အဆောက်အဦး ယခုကန်တော်ကြီးဟိုတယ် အဆောက်အဦး၌ ၁၉၉၆ခုနှစ် မေလ(၁)ရက်နေ့တွင် ဖွင့်လှစ်ပြသခဲ့ပါတယ်။

၁၉၆၆-၁၉၆၇ ခုနှစ် တွင် သဘာဝသမိုင်းပြတိုက် အဆောက်အဦအသစ်ကိုတိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၊၁၉၇၈ ခုနျစ် ဇန်နဝါရီလ(၁) ရက်နေ့တွင် အဆောက်အဦးအဟောင်းမှ အသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ပြသခဲ့သည်မှာ ဆယ်စုနှစ် (၄)ခုတိုင်ကျော်အောင် တည်ရှိခဲ့ပြီးဖြစ်ပါတယ်။

ပြတိုက်ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ

(က) ရှေးဦးခေတ် ကာလဖြစ်သောသက်ဦးကပ် ၊ သက်လယ်ကပ် ၊ သက်နှောင်းကပ် မှစ၍ သက်ရှိသတ္တဝါနှင့် သစ်ပင်များပေါက်ရောက်တည်ရှိပုံ ၊ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာပုံများကိုဗဟုသုတအဖြစ် လေ့လာနိုင်ရန်။

(ခ) သတ္တဗေဒနှင့် ဘူမိဗေဒဆိုင်ရာကျောက်ဖြစ်ရုပ်ကြွင်းများကိုအများပြည်သူလေ့လာကြည့်နိုင်ရှူ့နိုင်ရန်။

(ဂ)မြန်မာနိုင်ငံတွင် သယံဇာတပစ္စည်းများ ၊သစ်တောသစ်ပင်တည်ရှိမှု ၊ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားရှိမှုနှင့် လူသားများကိုအကျိုးပြုနေပုံများကိုဗဟုသုတရရှိစေရန်

(ဃ)သားရေခွာရုပ်လုံးသွင်းခြင်းပညာရပ်များကိုလေ့လာဆည်းပူးကြသူများအတွက် အထောက်အကူဖြစ်စေရန် 

ပြသထားသည့် ပြကွက်နှင့် ပြခန်းများ

  • ဘူမိဗေဒနှင့်သယံဇာတပစ္စည်းများပြခန်း
  • နို့တိုက်သတ္တဝါနှင့် ကျေးငှက်သတ္တဝါပြခန်း
  • ငါးနှင့် ကုန်းနေရေနေတွားသွားသတ္တဝါများပြခန်း
  • ဆူးတောင် ဝေလငါးအရိုးစုပြခန်း

Copyright 2018, All rights reserved.