တိချစ်သူများအားလုံးမင်္ဂလာပါ တိရစ္ဆာန်ဥယျာဉ်အနေဖြင့် တိလေးတွေကျန်းမာပြီး ဘေးအန္တရာယ်ကင်းဖို့အဓိက ဦးစားပေးသလို သူတို့လေးတွေကို ကျွေးမွေးစောက်ရှောက်ပေးတဲ့ ဝန်ထမ်းတွေရဲ့ကျန်းမာရေး ကိုလည်း အမြဲအလေးထားပါတယ်။ ဒါ့အပြင် လာရောက်လည်ပတ်ကျသော ဧည့်သည်များအတွက် ကျန်းမာသာယာလှပတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ကိုလည်း ဂရုထားဆောင်ရွက်လျက်ရှိပါတယ်။ ဒါတွေကို ရှေးရှုသောအားဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိဝန်ထမ်းများအား ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) နှင့် ကျန်းမာရေးဝန်ကြီးဌာန (MOH) တို့၏လမ်းညွှန်ချက်နှင့် အညီ Covid-19 ကာကွယ်ဆေးများ ထိုးနှံပေးပြီးပြီဖြစ်ကြောင်းသတင်းကောင်း ပါးလိုက်ပါတယ်။
Copyright 2018, All rights reserved.