အစာကျွေးရင်း ကုသိုလ်ယူ Feeding Tour နှင့်အတူ – ရန်ကုန် တိရိစ္ဆာန် ဥယာဥ်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ပြန်မဖွင့်သေးပေမယ့် တိရစ္ဆာန်ချစ်သူတွေအနေနဲ့ အားလပ်ရက်မှာ ကျန်းမာရေးလမ်းညွှန်ချက်များနဲ့အညီ လာရောက် အစာကျွေးခွင့်ရမယ့် Feeding Tour လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Feeding Tour လေးကတော့ တစ်ရက်ကို ၄ ဖွဲ့ လာရောက်လည်ပတ်ခွင့်ရရှိမှာဖြစ်ပြီး တစ်ဖွဲ့ကို အများဆုံး ၅ ဦးအထိ ပါဝင်လို့ရမှာဖြစ်ပါတယ်။ Feeding Tour အစီအစဉ်မှာ တိရစ္ဆာန်လေးများကို အစာကျွေး ကုသိုလ်ယူကြမယ့် တိရစ္ဆာန်ချစ်သူများအနေနဲ့ မနက် ၈ နာရီခွဲ မတိုင်ခင်မှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ အရောက်လာရမှာဖြစ်ပါတယ်။ Feeding Tour လေးမှာဆိုရင်တော့ တိလေးတွေနဲ့ပတ်သတ်ပြီး ရှင်းပြပေးမယ့် လမ်းညွှန်တစ်ယောက်ပါဝင်မှာဖြစ်ပြီး Buggy ကားလေးတွေနဲ့ လည်ပတ်လို့ ရနိုင်မှာဖြစ်ပါတယ်။ ရေမြင်း၊ ဝက်ဝံ၊ သမင် နဲ့ ဆင်တို့ကို ကိုယ်တိုင်အစာကျွေးလို့ရအောင် စီစဉ်ပေးထားပြီး တခြား တိရစ္ဆာန်လေးတွေအတွက်ကတော့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ ဝန်ထမ်းများက ကျွေးမွေးတာကို ကြည့်ရှု့လေ့လာလို့ ရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ Feeding Tour နဲ့ လာရောက်ကုသိုလ်ယူကြတဲ့ အဖွဲ့များကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သွားမှာလည်းဖြစ်ပါတယ်။ ဒီ Feeding Tour လေးကိုတော့ စိတ်ဝင်စားပါက တစ်ဖွဲ့ကို ၂သိန်း၅သောင်းကျပ်ဖြင့် ဒီဇင်ဘာလ (၁) ရက်မှစပြီး ၂ ရက်ကြိုတင်စာရင်းပေးကာ ပါဝင်ကုသိုလ်ယူလည်ပတ်လို့ရမှာဖြစ်ပြီး အသေးစိတ် သိရှိလိုပါက ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဖုန်းနံပါတ် 09 682011170, 09 953477763 တို့ကို ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Copyright 2018, All rights reserved.